ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြား လက်နက်ကိုင်စွဲဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးရန်အပြင် နိုင်ငံ ရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာကြဖို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီကနေ့ ဇူလိုင် ၈ ရက်မှာ တိုက်တွန်းထားပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့မှာ ချင်းကာ ကွယ်ရေးတပ် (CDF Hualngo) နဲ့ CNO/CNDF တို့အကြား တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲ့ဒီအခြေအနေအတွက် NUCCက မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဉ်အတွက် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအကြား လတ်တလော ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုတွေနဲ့ နောက် ဆက်တွဲ ပွတ်တိုက်မှုတွေအတွက် အလွန် အမင်း စိုးရိမ်ပူပန်မိတယ်လို့ဆိုပါတယ်။
လိုအပ်ရက် ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုမှာအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ ပါဝင်ကူညီဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
ချင်းကာကွယ်ရေးတပ် (CDF Hualngo) နဲ့ CNO/CNDF တို့အကြား တိုက်ပွဲဖြစ် ပွားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် နယ်ဘက်ကို ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။


