Homeပြည်တွင်းသတင်းလေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃,၀၀၀ နီးပါး သေဆုံးခဲ့

လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃,၀၀၀ နီးပါး သေဆုံးခဲ့

ဇူလိုင်၂၀၂၅

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့လေကြောင်းတိုက် ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၃,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၁ ရက်မှာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။

အဲ့ဒီ အရေအတွက်ထဲကမှ အမည်နဲ့တကွအတည်ပြုထားနိုင်တဲ့ အရပ်သားပြည်၁, ၅၀၅ ဦး သေဆုံးခဲ့ပြီး၊ အတည်ပြုဖို့ လိုအပ်နေတဲ့ သေဆုံးသူ ၁,၃၄၉ ဦးရဲ့အချက်အလက်ကိုလည်း သီးခြားကောက်ယူ စုဆောင်းနေတယ်လို့ ဆိုပါတယ်။

အခု ဖော်ပြပါကိန်းဂဏန်း အရေအတွက်ဟာ အမည်နဲ့တကွ ရရှိထားတဲ့ အချက် အလက်အပေါ် အခြေခံထားတာဖြစ်တဲ့အတွက် လက်တွေ့မြေပြင်မှာ ထိခိုက်သေဆုံးမှုဟာ အခုထက်အဆများစွာ ပိုများနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်း လေးနှစ်‌ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည် နယ်တွေဟာ အရပ်သားပြည်သူအများဆုံး သေဆုံးခဲ့တဲ့ ဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ မြေပြင်တိုက်ခိုက်တာတွေ မလုပ်နိုင်တော့တဲ့အတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို လေကြောင်းက‌နေတိုက်ခိုက်တာ၊ စက်တပ်လေထီးအသုံး ပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေပစ်ခတ်တာကို ပိုအသုံးပြုလာတာကြောင့်အရပ်သားများသေဆုံးတာ၊ ဒဏ် ရာရတာအပြင် လူနေအိမ်အဆောက် အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံတွေလုပ်ကိုင်စားသောက်နေတဲ့လယ်ယာ၊ တောင်ယာတွေပါ ထိခိုက်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး