ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာနိုင်ငံသား ၁၀ ဦး အပါအဝင် နိုင်ငံခြားသား ၁၅ ဦးကို ကျည်တောင့်တွေနဲ့အတူ ဖမ်းဆီးရရှိ ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod English သတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းနိုင်ငံရဲ့လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန (ACTPD)မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမား ဦးစီးဌာနတို့က ချွန်ဘူရီအတွင်းရှိ စက်ရုံတွေကို ဝင်ရောက် စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ မြန်မာနိုင်ငံသား ၁၀ ဦး နဲ့ တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း နိုင်ငံခြားသား ၁၅ ဦးကို ကျည်ဆန်ခဲယမ်း တွေနဲ့ အတူ ဖမ်းဆီးရရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိသူများအတွင်း တရားဝင်နေထိုင်ခွင့်သက်သေခံစာရွက်စာတမ်းမရှိကြဘဲ ထွက်ပြေးရန် ကြိုးစားသူ တွေလည်းရှိကြောင်းနဲ့ အဆိုပါ နိုင်ငံခြားသား ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ချွန်ဘူရီခရိုင် ဘန်ဘောင်ရဲ စခန်းကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Khaosod English


