Homeပြည်တွင်းသတင်းတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့် နဲ့ အထက် ရာထူးတိုးဖိုးရှိနေတဲ့ စစ်တပ်အရာရှိအသိုင်းအဝန်းကသူတွေ NLD ပါတီ ၊PDF၊CDM တွေနဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးခံရမည်

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့် နဲ့ အထက် ရာထူးတိုးဖိုးရှိနေတဲ့ စစ်တပ်အရာရှိအသိုင်းအဝန်းကသူတွေ NLD ပါတီ ၊PDF၊CDM တွေနဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးခံရမည်

၁၃ ဇွန် ၊၂၀၂၅

စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့် နဲ့ အထက် ရာထူးတိုးဖိုးရှိနေတဲ့ စစ်တပ်အရာရှိ အသိုင်းအဝန်းကသူတွေအနေနဲ့ NLD ပါတီ ၊PDF၊CDM တွေနဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးခံရဖို့ စစ်ခေါင်း ဆောင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တပ်အတွင်း ရာထူးတိုးပေးမှု နဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေသက်မှတ်ရာမှာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့် နဲ့ ယင်းအဆင့်အထက် ရာထူးတိုးပေးဖို့ရှိနေတဲ့ စစ်တပ်အရာရှိ မိသားစုအသိုင်း အဝန်း တွေအနေနဲ့ NLD ပါတီဝင်၊ PDF နဲ့ CDM ဝန်ထမ်းတွေ ပတ်သက်နေခြင်းရှိ၊ မရှိ အဓိကထား စုံစမ်း စစ်ဆေးဖို့နဲ့ ပတ်သက်မှုရှိကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်ရင် ရထူးတိုးခြင်းကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်လို့ ခေတ်သစ် သတင်းမှာဖော်ပြထားမှုအရ သိရပါတယ်။

စစ်ကောင်စီက စစ်တပ်အတွင်း ရာထူးတိုးပေးရေး နဲ့ ပတ်သက်ပြီး အသက် အရွယ်၊ ပညာအရည်အချင်း အပါ အဝင် ကန့်သတ်ချက် တချို့ကို လျှော့ပေါ့ခဲ့ပေမယ့် စည်းကမ်းချက်အသစ်အနေနဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းမှာ NLD ပါတီဝင်၊ PDF နဲ့ CDM ဝန်ထမ်းတွေ မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်အသစ်ကို ချမှတ်လာတာဖြစ်တယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ -PBS

ဆက်စပ် သတင်းများ

Most read