Homeပြည်တွင်းသတင်းဗန်းမော်မြို့သိမ်းတိုက်ပွဲပြန်လည် ပြင်းထန်နေ

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြန်လည် ပြင်းထန်နေ

၂၇ မေ၊ ၂၀၂၅

စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို KIA က ပစ်ချခဲ့ပြီးနောက် အနည်းငယ် ငြိမ်သက်သွားတဲ့ ဗန်းမော် မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ကားကင်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ က သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

မေလ ၂၇ ရက်မနက် ၄ နာရီလောက်ကစပြီး စစ်ကောင်စီရဲ့ စကခ ၂၁ ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ကာကင်းတချို့ကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

KIA ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ပြီး ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေတာဖြစ်ပြီး ဗန်မော်မြို့ရဲ့ အဓိက ကျတဲ့နေရာတွေကို သိမ်းယူနိုင်ထားပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read