Homeပြည်တွင်းသတင်းရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး

ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး

၂၁ မေ ၊၂၀၂၅

မေလ ၂၀ ရက်နေ့က KIA ရဲ့ ပစ်ချခဲ့ခြင်းခံရတဲ့ စစ်ကောင်စီရဲ့ ရဟက်ယာဉ် နှစ်စီးအနက် တစ်စီးပျက် ကျခဲ့ပြီးနောက် ရွေကူမြို့ပေါ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့နောက် တစ်စီးကိုလည်း KIA က ထပ်မံဖျက်စီး နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ကျန်စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)သို့ စစ်ကူလာပို့သည့် ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို KIAက ပစ်ခတ်ခဲ့ရာ တစ်စီးသည် ရွှေကူမြို့ နဲ့ ၁၅ မိုင်ခန့် အကွာတွင် ပျက်ကျခဲ့ပြီး တစ်စီးသည် ရွှေကူမြို့ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

ရွှေကူမြို့ပေါ် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်မှာ ထိမှန်ပျက်စီးခဲ့တာကြောင့် ပျံသန်းနိုင်မှု မရှိတဲ့ အခြေအနေမှာ KIAက ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပြီး တိုက်ခိုက်မှုအခြေအနေ နဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း သတင်းမီဒီယာတစ်ချို့ကို အတိပြုပြောဆိုထားပါတယ်။

ဓာတ်ပုံ – Cj

Related News

Most Read