Homeပြည်တွင်းသတင်းကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံးလာ‌ရောက်ကြဲချတိုက်ခိုက်

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံးလာ‌ရောက်ကြဲချတိုက်ခိုက်

၂၅ ဇန်နဝါရီ၊ ၂၀၂၅

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ဝန်းကျင်မှာ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ကျောက်မဲမြိုနယ်အတွင်းကို ယနေ့ နေ့လယ်(၁:၂၅)မိနစ်တွင် တစ်ကြိမ်၊(၁:၂၉)မိနစ်တွင် တစ်ကြိမ် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီး မှုစာရင်းကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဗုံးကြဲမှုကြောင့် ဆေးရုံအဆောက်အဦးတစ်လုံး နဲ့ ဆေးရုံအနီးတစ်ဝိုက်ကို ထိမှန်ထားတယ်လို့ မြေပြင်သ တင်းအရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂ဝ၂၄ သြဂုတ် ၅ ရက်မှာ TNLA က တိုက်ခိုက်သိမ်း ပိုက်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင် တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာလည်းဖြစ်ပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read