၁၄ ဇန်နဝါရီ ၊၂၀၂၅
စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို မိသားစုထံသို့ မပို့ဆောင်ဘဲ ရွှေဘိုမြို့မ ရဲစခန်းအတွင်း ထပ်မံ ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကျဉ်းသားအများစုမှာ ထောင်ဗူးဝအထွက်တွင် ပြန်ဖမ်းဆီးခံခဲ့ရကြောင်းနဲ့ အများစုမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသားတွေဖြစ်ကြောင်းနဲ့ လက်ရှိမှာ မိသားစုဝင်တွေလည်း အဆက်အသွယ်ဖြတ်ခံထားရတယ်လို့ ဆိုပါ တယ်။။
စစ်ကော်စီရဲတပ်ဖွဲ့က ဒီလို ပြန်လည်ဖမ်းဆီးနေခြင်းတွေကို ၂၀၂၄ခုနှစ် အောက်တိုဘာလမှစပြီး လုပ်ဆောင်ခဲ့ တာဖြစ်ပြီး လက်ရှိ ၂၀၂၅ ဇန်နဝါရီလအတွင်းမှာလည်း လွတ်ရက်စေ့ပြီးနောက် ပြန်လည်ဖမ်းဆီးကာ မည်သည့်ပုဒ်မနဲ့မျှ တရားစွဲဆိုမထားပဲ မြို့မရဲစခန်းမှာ အကျဉ်းချခံထားရသူ (၁၀)ဦးကျော်ရှိတယ်လို့လည်း သိရပါတယ်။
ဒီလိုလုပ်ဆောင်နေတဲ့ အခြေအနေဟာ လွတ်ရက်စေ့ပြီးသည့်တိုင် လွတ်လပ်စွာသွားလာခွင့်ကို ပေါ်ပေါ်တင်တင် ဆက်လက်ချိုးဖောက်ခံနေရခြင်းဖြစ်တယ်လို့လည်း PPNM က ထောက်ပြထားပါတယ်။
ဆက်လက်ပြီး ရွှေဘိုမြို့မရဲစခန်း စခန်းမှူး နဲ့ တာဝန်ရှိသူတွေမှ ငွေကြေးတက်နိုင်သူတွေကို ငွေကြေးတောင်း ခံမှုပြုပြီး ပြန်လွတ်ပေးခဲ့သည့်ကိစ္စရပ်တွေကို စီးပွားရေးဆန်ဆန် ပြုလုပ်နေပြီး ငွေကြေးမတတ်နိုင်သူ အများစု ကမြို့ မရဲစခန်းအနီးရှိ စစ်တပ်တပ်စွဲထားတဲ့ မှန်သာ ဘုန်းကြီးကျောင်းအတွင်း ခေါ်ယူဖမ်းဆီးထားတယ် လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလတွေ အပါအဝင် ကျန်လတွေမှာ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက် လာကြမယ့် နိုင်ငံရေးအကျဉ်းသားများစွာ ရှိနေပြီး အဆိုပါ ပြန်လွတ်လာမယ့်သူတွေကိုလည်း အလားတူ ဖမ်း ဆီးခံထားရနိုင်မှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် လက်ရှိ ပြန်လည်ဖမ်းဆီးခံထားရသူတွေကို ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားနိုင်ခြင်းတွေ မဖြစ်ပေါ်ဖို့ ထိထိရောက်ရောက် တားဆီးပေးနိုင်တဲ့ အခြေအနေ တွေ PPNMအဖွဲ့အစည်းမှာ ရှိမနေတဲ့အတွက်များစွာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း အသိပေးထားပါတယ်။
Photo -PPNM