၁၉ နိုဝင်ဘာ၊ ၂၀၂၄
ပြည်သူကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ်(၃) ဗျူဟာ(၃၃) ဒေါနတပ်ရင်းနယ်မြေ အတွင်းကို စစ်ကောင်စီဘက်မှ တပ်သား(၆)ဦး အလင်းဝင်လာကြောင်း ဒေါနတပ်ရင်းမှ နိုဝင်ဘာလ (၁၈)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်တပ်သား (၆)ဦး အနက် တစ်ဦးမှာ MA-1 တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် ပါလာတယ်လို့လည်း သိရပါတယ်။
ဒေါတပ်ရင်းထံ အလင်းဝင်ရောက်သောတပ်သားတွေမှာ ဝေဖြိုး၊ ဖြိုးမင်းအောင်၊ ကရင်လေး၊ ရဲမင်းမောင်၊ သန်းတိုးအောင်နဲ့ ဖြူဖွေးတိုဖြစ်ပြီး ၎င်းတို့ဟာ စစ်မှုထမ်း အပတ်စဥ် (၁)မှ တပ်သားသစ်စုဆောင်းခံရသူ တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း အမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရ သူတွေ အပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲဝင်တွေအနေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ဒေါနတပ်ရင်း နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နီးစပ်ရာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။
Photo – Daw Na Column-P29902