Homeပြည်တွင်းသတင်းမန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်အလှူ မေရီလန်းမှာ ပြုလုပ်

မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်အလှူ မေရီလန်းမှာ ပြုလုပ်

၁၈ နိုဝင်ဘာ၊ ၂၀၂၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့ တစ်လပြည့် ဆွမ်းကပ်အလှူကို နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ပြုလုပ်ပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ကင်ဆာရောဂါနဲ့ ကျန်းမာရေးဆိုးရွားနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ကွယ်လွန် ကာနီး နောက်ဆုံးအချိန်ရောက်မှ အာဏာပိုင်တွေက ဆေးရုံကို ပို့ပြီး လွတ်ငြိမ်းချမ်းသာခွ င့်ပေးလိုက်တာပါ။

ဒါပေမဲ့ အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရခဲ့တဲ့ဒေါက်တာ ဇော်မြင့်မောင် ဟာ နောက်ရက်မှာပဲ မန္တလေးဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒီအခမ်းအနားကို ကျန်ရစ်သူမိသားစုက ဦးဆောင်ပြုလုပ်ပြီး တက်ရောက်လာကြသူတွေက စစ်အာဏာရှင်ကို ဒူးမထောက် အရှုံးမပေးဘဲ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရင်ဆိုင်သွားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံနဲ့ ပါတီအပေါ် သစ္စာရှိရှိ၊ သိက္ခာသမာဓိ ရှိရှိ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်၊ NLDအစိုးရခေတ် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့ကို စစ်တပ်က ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်မပေးတဲ့အပြင် အသက်သေဆုံးကာနီးမှာ အပြင်ဆေးရုံကြီးကိုပို့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ပုံစာ – မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းတိုက်က ဒေါက်တာဇော်မြင့်အောင် ကွယ်လွန်ခြင်းတစ်လပြည့်ဆွမ်းကပ်အလှူ

Photo – KyawSoe Latt

ဆက်စပ် သတင်းများ

Most read