Homeပြည်တွင်းသတင်းလေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ အရပ်သား ၅၅ ဦး သေဆုံး

လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ အရပ်သား ၅၅ ဦး သေဆုံး

၁၀ အောက်တိုဘာ၊ ၂၀၂၄

ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၆ မြို့ကို စစ်ကောင်စီက သြဂုတ် ၂၆ ရက်ကနေ အောက်တိုဘာ ၆ ရက် အထိ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာမှာ အရပ်သား ၅၅ ဦး သေဆုံးပြီး ၁၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အောက်ဆိုဘာလ ၉ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်မှုအရ ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ် (TNLA) တို့ ထိန်းချုပ်ထားတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနဲ့ မိုင်းရယ်မြို့တွေကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ ဘုရားစေတီတွေ၊ ဟိုတယ်တွေနဲ့ တက္ကသိုလ်တွေ အပါအဝင် အဆောက်အဦ ၄၅၀ ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ သီပေါနဲ့ နောင်ချိုမြို့ တို့ဟာ စစ်ရေးပဋိပက္ခတွေရှိနေပြီး စစ်ကောင်စီရဲ့ ပစ်မှတ်ထားခဲ့ရတဲ့ နယ်မြေတွေဖြစ်တာကြောင့် အရပ်သားနဲ့ လူနေအိမ်တွေပျက်စီးခဲ့ရတာရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာအများစုမှာ တိုက်ပွဲတွေမရှိတဲ့နေရာ တွေဖြစ်တယ်လို့ လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

Photo – ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

ဆက်စပ် သတင်းများ

Most read