Homeပြည်တွင်းသတင်းသီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရ

သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရ

၇ အောက်တိုဘာ ၊၂၀၂၄

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး(၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးခဲ့ပြီး (၁၀)လသား အရွယ်ကလေးငယ်အပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက် ည(၈း၃၀)အချိန်မှ (၁၀)နာရီအချိန်ထိ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ပြည်သူလူထုနေအိမ်တွေကို ပစ်မှတ်ထားကာ သီပေါမြိုအတွင်း ဆက်တိုက်လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် (၂)လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် (၁)လုံးနဲ့ တောင်မြိုရပ်ကွက် လယ်ကွက်အနီးတွင် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း နဲ့ စံပြမုန့်ဆိုင်တွင် ညအိပ်စောင့် နေသည့် ကိုနိုင်သိန်း အသက်(၅၁)နှစ်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ (၉း၅၀)အချိန်တွင်လည်း နမ့်လန်တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး နဲ့ပစ်ခက်မှုကြောင့် လွယ်ကျိုင်းကျေးရွာရှိ မနန်းဆိုင်နွန်းနဲ့ ၎င်းရဲ့ (၁၀)လသားအရွယ်နှင့် (၄)နှစ်အရွယ် ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့မှာ လည်းအမျိုး သား(၃)ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့်နောက်ကျောတိုတွင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။

ထိုအပြင် ဒေသခံနေအိမ် အလုံး(၂၀)ကျော်နဲ့ အိမ်စီးကား၊ဆိုင်ကယ်ယာဥ်တွေလည်း ထိခိုက်မီးလောင်ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် သီပေါမြို့ အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read