Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက ရေဘေးဒဏ်သင့်ပြည်သူတွေကို အမေရိကန် ဦးဆောင်ပြီး ကူညီကယ်ဆယ်သင့်တယ်လို့ CSIS တိုက်တွန်း

မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်ပြည်သူတွေကို အမေရိကန် ဦးဆောင်ပြီး ကူညီကယ်ဆယ်သင့်တယ်လို့ CSIS တိုက်တွန်း

၅ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်က ဦးဆောင်ပါဝင်ဆောင်ရွက်သင့်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး ဗဟို (CSIS) က အောက်တိုဘာ ၄ ရက်က သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းရာဂီဒဏ်ကြောင့် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ ရေဘေးဒဏ်သင့်သူတွေအများအပြားရှိခဲ့တာပါ။ အဲ့ဒီထဲမှာ မှ မြန်မာနိုင်ငံအခြေအနေက အဆိုးဆုံးအခြေအနေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ရေဘေးဒဏ်သင့်ပြည်သူ ၁ သန်းလောက်ရှိိိိိပြီသူတို့ဟာ နိုင်ငံရေးအခြေအနေရှုပ်ထွေးတာ၊ ကုလသမဂ္ဂရဲ့ အထောက်အပံ့တွေက ရေဘေးသင့်ပြည်သူတွေဆီမရောက်ရှိတာ၊ မလုံလောက်တာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်နိုင်ငံက ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ရမှာဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၁၀၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ထပ်တိုးရန်ပုံငွေတွေနဲ့ ပိုမိုကျယ်ပြန်တဲ့ အတိုင်းအတာနဲ့ အကူအညီဖြန့်ဝေနိုင်ဖို့ ဝင်ရောက်သွားလာကူညီခွင့်တွေ ထပ်မံလိုအပ်လျက်ရှိတယ်လို့လည်း UNOCHA က ဆိုပါတယ်။

ရေဘေးသင့် ရပ်ရွာလူထုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေမှ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ဖို့ ထပ်တိုး ရန်ပုံငွေရရှိရေးနဲ့ ဘေးဒဏ်သင့်ဒေသတွေကို အကန့်အသတ်မရှိ ဝင်ရောက် အကူအညီပေးနိုင်ရေး အရေးကြီးလျက်ရှိတယ်လို့ UNOCHA က ထုတ်ပြန်ပြောဆိုထားပါတယ်။

ပုံ – Photo: STR/AFP via Getty Images

ဆက်စပ် သတင်းများ

Most read