Homeပြည်တွင်းသတင်းမြန်မာနိုင်ငံ ရေဘေးအတွက် အမေရိကန် ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအသိပေးထုတ်ပြန်

မြန်မာနိုင်ငံ ရေဘေးအတွက် အမေရိကန် ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအသိပေးထုတ်ပြန်

၁၈ စက်တင်ဘာ၊၂၀၂၄

ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခတွေက်အတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

အကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးအပ်နိုင်ဖို့ ဆောင်ရွက် နေပြီး လာမဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအပါအဝင် တခြားအရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီ အလိုအပ်ဆုံးသူ တွေထံ ပေးပို့ရာမှာ အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုတယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် ဆိုးကျိုးခံစားနေရတဲ့ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတွေကို လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက် နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ထားတာပါ။

ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားမဲ့အကြောင်း အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံ တို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသီးသီး ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read