Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ လူ ခြောက်သိန်းကျော် ရေဘေးသင့်နေကြောင်း UNOCHA ပြော

မြန်မာနိုင်ငံမှာ လူ ခြောက်သိန်းကျော် ရေဘေးသင့်နေကြောင်း UNOCHA ပြော

၁၇ စက်တင်ဘာ၊၂၀၂၄

မြန်မာနိုင်ငံတစ်ဝန်း မိုးအဆက်မပြန်ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုတွေကြောင့် ရေဘေးသင့်လူဦးရေ ခြောက် သိန်းကျော် (၆၃၁,၀၀၀) အထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် နေ့ကထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်း ယာဂိရဲ့ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေကြီးရေ လျှံခြင်းနဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

ရေကြီးခြင်းကြောင့် မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော် အပါဝင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်း နဲ့ တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း ဆယ်မြို့နယ်မှာ လူ သုံးသိန်းကျော်၊ နေပြည်တော် လေးမြို့နယ်မှာ လူ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ၁၄ မြို့နယ်က လူ ၇၄,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ် နှစ်ခုမှာ ရေဘေးသင့်သူ ၁၈,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကရင်ပြည်နယ် ငါးမြို့နယ်မှာ ရေဘေးသင့်သူ ကိုးသောင်းနီးပါးရှိခဲ့ပြီး ပဲခူးတိုင်း ခြောက်မြို့ နယ်မှာ ရေဘေးသင့်သူ ၈၇,၀၀၀ ကျော်ရှိခဲ့သလို ကယားပြည်နယ် လေးမြို့နယ်မှာတော့ လူ ကိုးထောင်ကျော်နဲ့ မွန်ပြည်နယ် နှစ်မြို့နယ်မှာ လူ ကိုးရာကျော် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ အခက်အခဲတွေရှိနေပေမယ့် နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိပြီး ရာနဲ့ချီတဲ့ သေဆုံးမှုတွေရှိခဲ့သလို အများအပြား ပျောက်ဆုံးလျက်ရှိ နေကြောင်း မြေပြင်သတင်းအချက်အလက်တွေအရ သိရတယ်လို့ UNOCH က ဆိုပါတယ်။

ယခုအချိန်အထိ မြန်မာနိုင်ငံတဝန်း နေရာအများစုမှာ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနဲ့ အရေးပေါ်အကူအညီပေးခြင်းတွေဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။။

အခက်အခဲတွေရှိနေသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေက မြေပြင်ထိခိုက်မှုတွေကို စတင်သတင်းပေးပို့လျက်ရှိပြီး၊ အခြေအနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ စီစဉ် လျက်ရှိတယ်လို့လည်း UNOCHA က ဆိုပါတယ်။

စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ – UNOCHA ထုတ်ပြန်ထားမှုနှင့် ရေနှစ်မြုပ်နေမှု မြင်ကွင်းများ
Photo – UNOCHA

ဆက်စပ် သတင်းများ

Most read