Homeပြည်တွင်းသတင်းMNDAA သိမ်းပိုက်ထားတဲ့ရမကစစ်တိုင်းအတွက် ရမခတိုင်းမှူးအသစ်နဲ့စစ်ဘက်အရာရှိနေရာတွေကို စစ်ကောင်စီခန့်အပ်နေ

MNDAA သိမ်းပိုက်ထားတဲ့ရမကစစ်တိုင်းအတွက် ရမခတိုင်းမှူးအသစ်နဲ့စစ်ဘက်အရာရှိနေရာတွေကို စစ်ကောင်စီခန့်အပ်နေ

၁၂ သြဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ ရမခ စစ်တိုင်းတစ်ခုလုံးကို MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရမခ စစ်တိုင်းမှူးအသစ်အပါအဝင် စစ်ဘက်အရာရှိနေရာတွေကို ခန့်အပ်လိုက်ပါတယ်။

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေဗိုလ်ချုပ်မြင့်ကျော်ထွန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်တယ်လို့ စစ်ရေးရာသတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်းတွေအရ စစ်ဦးစီးတက္ကသိုလ်ရှိ ဗိုလ်မှူးကြီး ဟိန်းထက်နောင်မှာ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ)ရဲ့ စကခ မှူးဖြစ်လာပြီး စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက်မှာ တမခ ၁၀၁ တပ်မမှူး ဖြစ်လာပါတယ်။

ဒါ့အပြင် စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုးမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဒုတိုင်းမှူးဖြစ်လာပြီး ဗိုလ်မှူးကြီး ကျော်မျိုးထိုက်မှာ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှူ ဌာနချုပ်(ရေး) စကခမှူး အဖြစ် ၊ဗိုလ်မှူးကြီး ကျော်စွာဝင်းမှာ မိုင်းပန် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစမှူးအဖြစ်၊ ဗိုလ်မှူးကြီး ကျော်ထက်မှာ တောင်ကုတ် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခမှူးအဖြစ်၊ ဗိုလ်မှူးကြီး သန်းစိုးကို အင်းတိုင် တပ်မ ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး အဖြစ် ရာထူးပြောင်းလဲ ခန့်အပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အလယ်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်သည် ရာထူးက ပြုတ်ကာ စစ်ခုံရုံးတက်နေရပြီး စစ်ဌာနချုပ်လက်လွှတ်ခဲ့ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ရဲ့ သတင်းတွေလည်း အခုထိ မကြားရသေးဘူးလို့သိရပါတယ်။

ဆက်စပ် သတင်းများ

Most read