Homeနိုင်ငံတကာသတင်းထိုင်းမြန်မာနယ်စပ်မှာ TB ရောဂါကူးစက်မှုများပြားနေကြောင်း မဲဆောက်ဆေးရုံဒါရိုက်တာ သတိပေးပြောကြား

ထိုင်းမြန်မာနယ်စပ်မှာ TB ရောဂါကူးစက်မှုများပြားနေကြောင်း မဲဆောက်ဆေးရုံဒါရိုက်တာ သတိပေးပြောကြား

၂၇ ဇူလိုင်၊ ၂၀၂၄

ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ၊ မဲဆောက်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ မဲဆောက်မြို့က လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကို TB ကူးစက်မှုပြင်းထန်လာနိုင်ချေရှိတဲ့အတွက် သတိထားဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားတယ်လို့ ထိုင်း The Nation သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာဘက်က ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရသူမှန်သမျှဟာ Facemask တပ်ထားဖို့ လိုအပ်ကြောင်း မဲဆောက်ဆေးရုံ ဒါရိုက်တာ Rames Wongwilairat က အကြံပေးထားပါတယ်။

မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာ X ray စစ်ဆေးချက်အရ လူတစ်ရာမှာ လူ၅၀ က တီဘီရောဂါ ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ တီဘီဟာ ကူးစက်လွယ်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်တာကြောင့် သတိထားဖို့ သူက ဆိုပါတယ်။

လူဝင်မှုဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သတိထားဖို့ မှာထားပြီး အစိုးရိမ်မလွန်ကဲဖို့နဲ့ နှစ်စဉ်နှစ်တိုင်း မြန်မာဘက်ကမ်းမှာ တီဘီရောဂါကူးစက်မှုတွေ ဖြစ်နေပြီးအများဆုံးတွေ့ရှိရတာ တရုတ်လူမျိုးအသိုင်းအဝိုင်းကြားမှာ ဖြစ်တယ်လို့ Rames က ဆိုပါတယ်။ ဒီနှစ်တော့ မနှစ်ကထက် အများကြီး ပိုတိုးလာနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

“ဒေသခံတွေဆီက နမူနာ ၁၀၀ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ Outbreak လို့ သတ်မှတ်လို့ရတဲ့အနေအထားနဲ့ နီးစပ်နေတာကို တွေ့ရပါတယ်။ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးနေရင် ၊ မောနေရင် ၊ ကိုယ်အလေးချိန်ကျဆင်းရင် ၊ နာတာရှည်ဖျားနေရင် ဒါမှမဟုတ် တီဘီရောဂါသည်နဲ့ တိုက်ရိုက်ထိတွေ့ခဲ့ရင် သေချာစစ်ဆေးကြည့်ဖို့လိုပါတယ်” လို့ မဲဆောက်ဆေးရုံက ဒါရိုက်တာ Rames က သတိပေးထားပါတယ်။

Photo – Mae Sot General Hospital

ဆက်စပ် သတင်းများ

Most read