Homeပြည်တွင်းသတင်းကျောက်မဲနဲ့ မိုးကုတ်မြိုနယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိပြီး ရန်သူ့ အလောင်း(၅၀)ကျော်နဲ့ စစ်သုံပန်းတွေဖမ်းဆီးရမိတယ်လို့ TNLA ထုတ်ပြန်

ကျောက်မဲနဲ့ မိုးကုတ်မြိုနယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိပြီး ရန်သူ့ အလောင်း(၅၀)ကျော်နဲ့ စစ်သုံပန်းတွေဖမ်းဆီးရမိတယ်လို့ TNLA ထုတ်ပြန်

၂၄ ဇူလိုင်၊၂၀၂၄

၁၀၂၇ – စစ်ဆင်ရေးအပိုင်း(၂)ဆင်နွှဲလာပြီး (၂၉)ရက်မြောက်နေ့မှာ ကျောက်မဲမြို့နဲ့ မိုးကုတ်မြိုနယ်တွေ အတွင်းမှ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိပြီး ရန်သူအလောင်း(၅၀)ကျော်နဲ့ စစ်သုံပန်း တွေဖမ်းဆီးရမိထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၀)ရက်မှ (၂၂)နေ့အတွင်း တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်း တပ်ဖွဲနဲ့ စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီ တပ်စခန်းချထားတဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းနဲ့ အေးရှားဝေါတိုးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေထံမှ လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နဲ့အတူ စစ်အသုံးအဆောင် ပစ္စည်း (၈၅)လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်းနဲ့ စစ်သုံပန်းတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး မိုးကုတ်မြို (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နဲ့ PDF (မိုးကုတ်ဗျူ ဟာ) ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈) ကို တိုခိုက်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ (၂၃)ရက်မှာ မိုးကုတ်မြို့ ချမ်းသာကြီးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၁)လက်၊ စစ်သုံပန်း (၁၉)ဦး ဖမ်းဆီးရမိခဲ့သလို မိုးကုတ်မြို့ မစိုးရိမ်ကျောင်းတိုက်ရှိ စစ်ကောင်စီတပ်ထံမှ သေနတ်(၁၆)လက်၊ RPG (၁)လက်၊ ၆၀မမ(၁)လက်နဲ့ စစ်ကောင်စီတပ်ဖွဲဝင်ရုပ်အလောင်း (၁၆)လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read