၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) အပိုင် ပုလဲအိမ်ရာဝင်းအတွင်း အသက် ၃၀ ဝန်းကျင်အရွယ် အမည်မသိအမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တာဝန်ခံ ကိုထင်လင်းအောင်က ပြောပါတယ်။
အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇူလိုင် ၆ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းမှာ ကြိုးနဲ့ညှစ်ထားခံရတဲ့ လက္ခဏာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ လက်နဲ့ ကျောကုန်းမှာလည်း တက်တူးတွေ ထိုးထားတာ တွေ့ရှိခဲ့ရပါတယ်။
ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ ရဲဆေးစာနဲ့အတူ မေဓာဝီဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ တခြားကိုယ်ရေးအချက်အလက်တွေကို မသိရှိရသေးပါဘူး။
သေဆုံးသူနဲ့ပတ်သက်ပြီး သိရှိသူတွေအနေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ ဒါမှမဟုတ် တာဝန်ရှိသူတွေဆီ ဆက်သွယ်သတင်းပေးပို့ ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။


