၈ ဧပြီ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်းဒေသက ရေနံစိမ်းတင်သင်္ဘောတစ်စင်းဟာ ထိုင်းနိုင်ငံ ဆီရာချာမြို့မှာရှိတဲ့ Bangchak ကော်ပိုရေးရှင်းရဲ့ ရေနံချက်စက်ရုံဆိပ်ကမ်းကို ဘေးကင်းစွာ ရောက်ရှိလာပြီလို့ ကုမ္ပဏီက ပြောပါတယ်။
ဒီရေနံတင်သင်္ဘောဟာ ရေနံစိမ်း စည်ပေါင်း ၇၀၀,၀၀၀ ခန့် တင်ဆောင်လာခဲ့ပြီး လက်ရှိမှာ ဆီချခြင်းလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
သင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်ကျော်လာပြီး ဧပြီ ၈ ရက် ညပိုင်းမှာ ဆီရာချာရှိ Bangchak ရေနံချက်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။
Bangchak ကော်ပိုရေးရှင်းဘက်ကတော့ ယခုတင်ပို့မှုဟာ ပုံမှန် ရေနံစိမ်းဝယ်ယူမှုအစီအစဉ်အတွင်း ပါဝင်တာဖြစ်ပြီး ပြည်တွင်း စက်သုံးဆီ ထောက်ပံ့မှု မပြတ်တောက်စေရေးအတွက် လုပ်ငန်းစဉ်တွေကို စီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုတွေ ရှိနေသော်လည်း ယခုလို ရေနံစိမ်း ရောက်ရှိလာတာက ထောက်ပံ့မှုကို တည်ငြိမ်စေပြီး ထုတ်လုပ်မှုလုပ်ငန်းတွေကို အထောက်အကူပြုမယ်လို့လည်း ဆိုပါတယ်။


