၃၀ မတ် ၂၀၂၆ | New Day Myanmar
နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ ဒေါက်တာမနမ်တူးဂျာ နဲ့ ဒေါ်နန်းနီနီအေး တို့ကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
ဒေါက်တာမနမ်တူးဂျာ ကတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ခေါင်းဆောင်ဖြစ်ပြီး ဒေါ်နန်းနီနီအေး ကတော့ ကြံ့ဖွံ့ပါတီရဲ့ ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
အလားတူ ပြည်သူ့လွှတ်တော်ဘက်ကလည်း တပ်ချုပ် မင်းအောင်လှိုင် နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေ တို့ကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။
လက်ရှိမှာ လွှတ်တော် ၂ ရပ်ကနေ ဒုတိယသမ္မတလောင်းတွေ အမည်တင်သွင်းမှု ပြီးဆုံးပြီဖြစ်ပြီး နောက်တစ်ဆင့်အဖြစ် မဲပေးရွေးချယ်မှုတွေ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။


