Homeပြည်တွင်းသတင်းဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရ

ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရ

၃၁ မတ် ၂၀၂၆ | New Day Myanmar

စစ်တပ်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကရင်တိုင်းရင်းသူ ဒေါ်နန်းနီနီအေးနဲ့ ကချင်တိုင်းရင်းသား ဒေါက်တာတူးဂျာတို့ကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာ မဲပေးရွေးချယ်ခဲ့ရာ ဒေါ်နန်းနီနီအေးက အနိုင်ရရှိကာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦးထဲက ကျန်းမာရေးကြောင့် ခွင့်ယူထားသူ ၂ ဦးရှိပြီး ၁၅၅ ဦးက မဲပေးခဲ့ရာမှာ ဒေါ်နန်းနီနီအေးက ၁၁၇ မဲ ရရှိခဲ့ပြီး ဒေါက်တာတူးဂျာက ၃၈ မဲသာ ရရှိခဲ့ပါတယ်။

ဒေါ်နန်းနီနီအေးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးအဖြစ်လည်း စစ်ကော်မရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်နန်းနီနီအေးရဲ့ ဖခင်ဖြစ်သူ ဦးစောဘိုးနီဟာ မြန်မာဆိုရှယ်လမ်းစဉ်ပါတီလက်ထက်က ဘားအံပါတီယူနစ်ဥက္ကဋ္ဌဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် စတုထ္တအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး