Homeပြည်တွင်းသတင်းNLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေး ကွယ်လွန်

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေး ကွယ်လွန်

၂၆ ဇန်နဝါရီ ၂၀၂၆

NLD အစိုးရလက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာဦးမြင့်ထွေးဟာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတခုမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဦးမြင့်ထွေးဟာ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၃ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲ့ဒီအကြောင်းကို သူ့ရဲ့ မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

သူဟာ မြန်မာနိုင်ငံ ကျန်းမာရေးလောကမှာ အတွေ့အကြုံရှည်လျားတဲ့ ပညာရှင်တယောက်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာလည်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူပါ။ NLD အစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူကာ အများပြည်သူအတွက် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့တန်းကနေ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာဦးမြင့်ထွေး ကွယ်လွန်သွားတာနဲ့အတူ သူနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့သူတွေ၊ ကျန်းမာရေးကဏ္ဍက ပုဂ္ဂိုလ်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းခြင်းအမှတ်တရ စကားတွေကို ဆက်တိုက် ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး