ကိုရီးယားသမ္မတနိုင်ငံရဲ့ အာဏာရနဲ့ အတိုက်အခံပါတီ လွှတ်တော်အမတ်တွေက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချပြီး အတင်းအကျပ် ကျင်းပဖို့ စီစဉ်နေတဲ့ တရားမဝင် ရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်၊ ဒီနေ့မှာတွင် စုပေါင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ အီယွန်ဆွန်း အမတ် ဦးဆောင်တဲ့ အာဏာရနဲ့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးရဲ့ ပူးတွဲကြေညာချက်မှာ “မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားမဝင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းမှုတို့ကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကို တောင်းဆိုသည်”လို့ပါရှိပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းခဲ့တဲ့နေ့က ယနေ့အချိန်ထိ ပြည်သူတွေ အပေါ် အင်အားသုံးဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြကြောင်း ထောက်ပြခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး(OHCHR)ရဲ့ အစီရင်ခံစာကို ကိုးကားကာ အာဏာသိမ်းမှုနောက်ပိုင်း အနည်းဆုံး ပြည်သူ ၆,၀၀၀ သေဆုံးပြီး ၃ ဒသမ ၅ သန်းကျော် စစ်ဘေးရှောင်များ ဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့်အညီ မဟုတ်ဘဲ၊ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် လုပ်ရန် လှည့်စားသည့် တရားမဝင် ရွေးကောက်ပွဲ” လို့ သတ်မှတ််််ပ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ပုံစာ – အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယား အာဏာရ အတိုက်အခံ ပါတီ နှစ်ခု မှ လွှတ်တော် ကိုယ်စားလှယ်တွေတွေ့ဆုံစဉ်
ဓါတ်ပုံ – 이용선 의원실


