Homeပြည်တွင်းသတင်းNLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဦးကြည်တိုး အကျဥ်းထောင်ကနေ ပြန်လွတ်လာ

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဦးကြည်တိုး အကျဥ်းထောင်ကနေ ပြန်လွတ်လာ

၂၇ နိုဝင်ဘာ ၂၀၂၅

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဦးကြည်တိုးဟာ နိုဝင်ဘာလ ၂၇ ရက်မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာခဲ့တယ်လို့ နိုင်ကျဥ်းအသိုင်းအဝိုင်းက သိရပါတယ်။

ဦးကြည်တိုးဟာ ၂၀၂၁ခုနှစ်မတ်လ ၁၈ ရက်နေ့ညပိုင်းက ဖမ်းဆီးခံရပြီးနောက် ယခုအခါလွတ်ငြိမ်းချမ်း သာခွင့်နဲ့ပြန်လွတ်လာခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှုနဲ့ တရားရုံးနဲ့အကျဥ်းထောင်များမှာ ပြစ်မှုအတွက်ကြားနားစစ်ဆေးနေဆဲ၊ အကျဥ်းကျခံရသူနဲ့အကျဥ်းကျခံနေရသူ (၈၆၆၅) ဦးကို နိုဝင်ဘာလ ၂၆ ရက်က

စစ်တပ်က ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အခါမှာ ဦးကြည်တိုးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

Related News

Most Read