မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးခဲ့တဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန် အပါ ၇ ဦးကို ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့သတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။
တရုတ်တရားရုံးက ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန် Bai Suo cheng၊ ပယ်ရင်ဆန်း Bai Yingcang၊ ရန်လိချန် Yang Liqiang၊ ဟူရှောက်ကျန်း Hu Xia ojiang နှင့် ချိန်ကွမ်ယိ Chen Guan gyi စတဲ့ တရားခံ ၅ ဦးကို သေဒဏ်ချမှတ်ခဲ့သလို လီဖူစို့ Li Fushou နဲ့ လီဇစ်တယ် Li Zhide တို့ ၂ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ်ချမှတ်ခဲ့တာဘဲဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်တရားခံတွေဖြစ်တဲ့ကောကျန့်ကျိန့် Guo Jian z heng နဲ့ Pan Xianဖန်းရှန့်အပါတရားခံ ၅ ဦးကို ထောင် ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး လီလုံဟွာ Li Longhua နဲ့ Luo Wending လောဝန်တင် အပါ တရားခံ ၉ ဦးကို ထောင်ဒဏ် နှစ် ၂၀ ကနေ ၃ နှစ်အထိ အသီးသီးချမှတ်ခဲ့ပြီး နောက်ဆက်တွဲပြစ်ဒဏ်များ အနေနဲ့ငွေဒဏ်၊ ပစ္စည်းသိမ်းယူတာနဲ့ ပြည် နှင်ဒဏ်ပေးတာတွေပါ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကဖမ်းဝရမ်းထုတ်ထားတဲ့ပယ်စောက်ချိန်အပါ ၁၀ ဦးကို ၂၀၂၄ ဇန်နဝါရီ ၃၀ ရက်နေ့မှာ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၀၂၅ ဇူလိုင် ၁၁ ရက်မှာ တရားစတင်စွဲခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ (ဒီကနေ့)မှာ အပြီးသတ် အမိန့်ချမှတ်လိုက်တာဘဲဖြစ်ပါတယ်။
အဲဒီတရားခံတွေဟာဆက်သွယ်ရေးနဲ့ ကွန်ရက်လိမ်လည်မှု၊ ကာစီနိုဖွင့်လှစ်တာ၊ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရတာ စတဲ့ ပြစ်မှုပေါင်း များစွာနဲ့ အခုလို ပြစ်ဒဏ်ကို စီရင်ချမှတ်ခဲ့တာဘဲ ဖြစ်ပါတယ်။
ပုံစာ – ပယ်ဆောက်ချိန်ကို ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်က ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်ရဲတွေက ဖမ်းဆီးခေါ်ဆောင်လာစဉ်
ဓါတ်ပုံ – ဆင်ဟွာ


