Homeပြည်တွင်းသတင်းအပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တိုက်ပွဲစတင်ဖြစ်ပွား

အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တိုက်ပွဲစတင်ဖြစ်ပွား

၂၅ ဇွန်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီကနေ့မနက်ပိုင်းကစလို့ တိုက်ပွဲစတင်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခက်နေတယ်လို့ ကျောက်မဲမြို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မဲမြို့မှာ ယခင် ၂၀၂၃ နှစ်ကုန်ပိုင်းကဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲ တွေဖြစ်ပွားခဲ့တာရှိပေမယ့် တရုတ်နိုင်ငံက ညှိနှိုင်းပေးမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ညီနောင် သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်ပြီးနောက် ကာလအတန်အကြာတိုက်ပွဲတွေ ရပ်နားခဲ့ပေမယ့် ဒီနေ့မှာ တိုက်ပွဲတွေ သတင်ဖြစ်ပွားလာလည်း ဖြစ်ပါတယ်။

“ မြို့ထဲမှာတော့ အခုအချိန်အထိဘာမှမဖြစ်သေးပါဘူး လောလောဆယ်တော့ ကလေးတွေ ကျောင်းနား ထားပြီး အစားအသောက်နဲ့ဆေးဝါးတွေစုနေကြတယ် အခြေအနေခဏစောင့်ကြည့်ပြီး ရှောင်သင့်ရင်လည်း ရှောင်လို့ရအောင် မြို့နေလူထုကကြိုတင်ပြင်ဆင်နေကြတယ်” လို့ ကျောက်မဲမြို့နေ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားရာနေရာမှာ မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ စခန်းသာနဲ့ ကျောက်မဲမြို့ဘိုးဘွားရိပ်သာအနီးကို စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာတာကြောင့် TNLA၊PDFပူး ပေါင်း တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေထိ ခိုက်လာနိုင်တဲအတွက် သတိထားနေထိုင်ကြဖို့ကိုလည်း TNLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်တား ဘုန်း ကျော်က ဇွန် ၂၄ရက်က အဖွဲ့ သတင်းပြန်ကြားရေးဌာန မှတဆင့်အသိပေးပြောဆိုထားပါတယ်။

TNLAဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နဲ့ မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း MDY-PDFနဲ့ ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ ထိုးစစ်တွေ အတူဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read