Homeပြည်တွင်းသတင်းအုတ်ဖိုမှာ PDF တွေကို သာမန်ပြည်သူထင်ပြီး ပေါ်တာဆွဲဖို့ကြိုးစားတဲ့ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမှာ PDF တွေကို သာမန်ပြည်သူထင်ပြီး ပေါ်တာဆွဲဖို့ကြိုးစားတဲ့ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

ဩဂုတ် ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၆) တပ်ရင်းက အရာခံဗိုလ် လှကျော်နဲ့တပ်ကြပ်ကြီး ညီညီမိုး တို့ ဟာ PDF ရဲဘော်တွေကို သာမန်ပြည်ထင်ပြီး ပေါ်တာဆွဲဖမ်းဆီးတာ​ကြောင့် ဦးခေါင်းကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မရ(၆) တပ်ရင်းကနေ အုတ်ဖိုတာဆုံဘက်ကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီး ထွက်ခွာလာတဲ့ အရာခံဗိုလ် လှကျော်နဲ့တပ်ကြပ်ကြီး ညီညီမိုး တို့ဟာ သြဂုတ်လ ၇ ရက် မနက် ၉နာရီ ၄ မိနစ် အချိန် သဖန်းပင်ဆိပ်ရွာအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲ့ ရဲဘော်တွေကို ပေါ်တာဆွဲဖို့ လုပ်ဆောင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုကနေ သိရပါတယ်။

အဲ့လို ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတဲ့ အရာခံဗိုလ် လှကျော် နှင့် တပ်ကြပ်ကြီး ညီညီမိုး ရဲ့ ဦးခေါင်းတည့်တည့်ကို တော်လှန်ရေးရဲဘော်တွေက သေနတ်ကျည် ၁ချက်စီ ပစ်ခတ်ခဲ့ရာ နေရာမှာ သေဆုံးသွားပြီး လက်ပစ်ဗုံး ၁လုံး၊ ငွေသားကျပ် ၂သိန်း၊ စစ်မှုထမ်းကတ် ၁ခု၊ စစ်မှုထမ်းစိစစ်ရေးစာအုပ် ၁အုပ်၊ မှတ်ပုံတင်ကတ် ၁ခု၊ လိုင်စင်ဓာတ်ပုံ ၆ပုံ၊ မိုလ်ဘိုင်းဖုန်း ၂လုံးတို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး