Homeဗွီဒီယိုမဲဆောက်မှာအသတ်ခံရတဲ့အမျိုးသမီးအမှု ဘာဆက်ဖြစ်နေသလဲ

မဲဆောက်မှာအသတ်ခံရတဲ့အမျိုးသမီးအမှု ဘာဆက်ဖြစ်နေသလဲ

၁၉ ဇွန်၊၂၀၂၄

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီးမှာ နှစ်လကျော်အကြာ အေးခဲခံထားရတဲ့ မြန်မာ အမျိုးသမီးရုပ်အလောင်းနဲ့ပတ်သတ်ပြီး ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးဖို့ လုပ်ဆောင်နေပေမယ့် တရားခံ ကို ထိန်းသိမ်းထားတဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ထိုင်းရဲတပ်ဖွဲ့ထံ လွဲပြောင်း မပေးဘူးလို့ ကနဦးသတင်းအရ သိရပါတယ်။

အဆိုပါလူသက်မှုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံဆိုသူမှာ တော်လှန်ရေးတပ် ဖွဲ့တပ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိထားရသလို ပစ်မှုကျုး လွန်းပြီးတဲ့နောက် အဆိုပါ တရားခံမှာ ၎င်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့နယ်မြေအတွင်းသွား ရောက်တိမ်း ရှောင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တရားခံရဲ့ အမည်မှာ တော်လှန်ရေး ရဲဘော်အမည် “ဝဠာ” ဖြစ်ပြီး အမည်ရင်းမှာ ဇော်ဝင်းထွဋ် ဖြစ်ကြောင်း နဲ့ ဖြစ်စဉ် အသေးစိတ်ကိုတင်ပြရရင်တော့ အသက်ခံရသူ အမျိုးသမီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ က တရားခံဖြစ်သူ ၎င်းရဲ့ခင်ပွန်း ဇော်ဝင်းထွဋ် ဆိုသူက မဲဆောက်မှာ တခြားအမျိုးသမီးတစ်ဦးနဲ့ ပေါင်းဖက်နေ တယ်ဆိုတဲ့ သတင်းကြောင့်လိုက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

အသက်ခံရသူအမျိုးသမီးရဲ့ အမည်မှာ မနန္ဒာဖြစ်ကြောင်းသိရပြီး ၎င်းဟာ စင်္ကာပှုနိုင်ငံက နေလာရောက်ခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။ ၎င်းဟာ စင်္ကာပူနိုင်ငံကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ရောက်ရှိခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာပဲ ၎င်းရဲ့ခင်ပွန်း ဖြစ် သူနဲ့စကားများရန်ဖြစ်ခဲ့ရာမှ ခင်ပွန်းဖြစ်သူက ထိုးကြိတ်ခဲ့တာကြောင့် အဲ့ဒီရက်မှာပဲ ထိုးကြိတ်ခံထား ရတဲ့ ဒဏ်ရာတွေနဲ့ မဲဆောက်ဆေးရုံကို ရောက်ရှိခဲ့ပြီး မဲဆောက်ဆေးရုံမှာ ကုသဖို့မနိုင်တဲ့အတွက် ဖိစနုလွတ် ဆေးရုံကြီးကိုတင်ပို့ပေးခဲ့ပေမယ့် ဦးနှောက်ကသွေးယိုစီးမှုကြောင့် သေဆုံးခဲ့ရတဲ့အတွက် မဲဆောက်ဆေး ရုံကြီးအအေးခန်းမှာထားရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆေးရုံပို့စဉ်က ပါလာတဲ့တရားခံ အမျိုးသားဟာ ရှောင်ပြေးသွားပြီး ပိုင်ရှင်ဘယ်သူဆိုတာ မသိရတဲ့အတွက် အအေးခန်းမှာ နှစ်လခွဲလောက်ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသူကို ထိုးကြိတ်သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းသည်ကတော့ ဆေးရုံစရိတ်မပေးချင်လို့ သူပူးပေါင်းဖူးတဲ့ ပြည်တွင်းရှိတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဆီ ရှောင်တိမ်းသွားခဲ့တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး တော်လှန်ရေး အဖွဲ့ကပါ သိရှိသွားချိန်မှာတော့ တရားခံဟာ ဘုန်းကြီးဝတ်ပြီး ထပ်မံရှောင်တိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဇွန်လ ၁၆ ရက်နေ့အရောက်မှာတော့ တရားခံဖြစ်သူဟာ သူ့သဘောအလျောက် သူအရင် တိမ်းရှောင်ဖူးတဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက်အဖမ်းခံထားတယ်လို့လည်း မြေပြင် သတင်းတွေအရ သိထားရပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ အထောက်အထား အချက်အလက်တွေကိုရရှိထားပြီး မိသားစုဆီကိုလည်း ဆက်သွယ် ထားပြီးဖြစ်ကြောင်းသိရသလို သေဆုံးသူနဲ့ ထိုးကြိတ်သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းသည်တို့ဟာ ကလေးနှစ် ယောက်ရရှိထားပြီး ဒီခင်ပွန်းသည်က မဲဆောက်မှာ အိမ်ထောင်မရှိသူအဖြစ် ဟန်ဆောင်ထား သလို လက်ရှိမှာ တရားမဝင်ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ကလေးနှစ်ယောက်ကိုတော့ တရားခံရဲ့ အမေက ထိန်းသိမ်းစောင့်ရှောက်ထားပြီး သေဆုံးသူရဲ့ မိသားစုဘက်ကတော့ မဲဆောက်ကို လိုက်လာဖို့ လမ်းခရီးခက်ခဲနေတာကြောင့် အခုချိန်ထိ ရောက်မလာနိုင် သေးဘူးလို့ သိရပါတယ်။

New Day Myanmar က စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ မဲဆောက်မှာ ဖြစ်ပွားခဲ့ တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ကအမှုဖွင့်စစ်ဆေးဖို့ဆောင်ရွက်ဖို့ လုပ်ဆောင်နေပေမယ့် တရားခံကို ထိမ်းသိမ်း ထားတဲ့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က လွှဲပြောင်းပေးမှာမဟုတ်ကြောင်းနဲ့ တရားခံကို ၎င်းတို့ရဲ့ တရားစီရင်ရေးအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သေဆုံးသူ သဂြိုဟ်နိုင်ရေး(နာရေးဆောင်ရွက်နိုင်ရေး) အတွက်တော့ မိသားစုဘက်က လာဖို့ အဆင်မပြေနေတာကြောင့် လက်ရှိအဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသူတွေအနေနဲ့ တရားခံကို ထိုင်းရဲလက်ကို အပ်နှံနိုင်မှသာ အလောင်ထုတ်ယူရမယ့်အခြေအနေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read