Homeပြည်တွင်းသတင်းအတိုင်ပင်ခံကောင်စီကို ဒု-စစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်

အတိုင်ပင်ခံကောင်စီကို ဒု-စစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်

၁၀ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ စစ်တပ်က အနားယူထားတဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းကို ဥက္ကဋ္ဌအဖြစ်နဲ့ ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင် စစ်တပ်မှာ ညှိကွပ်အဖြစ် တာဝန်ယူပြီး စိုးဝင်းနဲ့အတူ နှုတ်ထွက်သွားတဲ့ မောင်မောင်အေးကိုတော့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပါတယ်။

ထုတ်ပြန်ကြေညာချက်အရ အတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုသာ ခန့်အပ်ထားပြီး အဖွဲ့ဝင်တွေကို ခန့်အပ်ကြေညာတာမျိုး မရှိသေးတာ တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး