Homeပြည်တွင်းသတင်းစစ်တပ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ပြီး ပုဂ္ဂိုလ် ၁၁ ဦးနဲ့ ဖွဲ့စည်း

စစ်တပ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ပြီး ပုဂ္ဂိုလ် ၁၁ ဦးနဲ့ ဖွဲ့စည်း

၁၀ ဧပြီ ၂၀၂၆ | New Day Myanmar

စစ်တပ်က ဖွဲ့စည်းတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ ဦးစိုးဝင်းအပါအဝင် ပုဂ္ဂိုလ် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် ၄/၂၀၂၆ နဲ့ ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ကောင်စီမှာ ဥက္ကဋ္ဌအဖြစ် စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး ပါဝင်ပြီး ကောင်စီဝင်တွေကတော့ ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနဲ့ ဦးဇော်အေးမောင်တို့ ဖြစ်ပါတယ်။

အဆိုပါ ကောင်စီကို ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာ ကိစ္စတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စတွေကို အကြံပေးနိုင်ရန်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၅ နဲ့ ၆ တို့အရ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး