Homeပြည်တွင်းသတင်းလားရှိုးမှာ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃၁၇ ဦး MNDAA ဆီ လက်နက်ချ အလင်းဝင်

လားရှိုးမှာ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃၁၇ ဦး MNDAA ဆီ လက်နက်ချ အလင်းဝင်

၂၃ ဇူလိုင်၊ ၂၀၂၄

ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဒုတိယဗိုလ်မှူးကြီးတစ်ဦး ၊ ဗိုလ်မှူး ၂ ဦး ၊ ဗိုလ်ကြီး ၅ ဦးတို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ဆီ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက် မနက် ၁၀ နာရီမှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီးတစ်ဦးက ဗိုလ်မှူး ၂ ဦး ၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သားတွေကို ခေါ်ဆောင်လာပြီး MNDAA တပ်ကို လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ဟာ တော်လှန်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်လိုတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

MNDAA နိုင်ငံရေးဌာနရဲ့ ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်နက်ချ အလင်းဝင်လာသူတို့ကို လက်ခံခဲ့ပြီး တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပါတယ်။

အလင်းဝင်လက်နက်ချသူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံချက်ပေးထားတယ်လို့ MNDAA ဘက်က ပြောဆိုပါတယ်။ MNDAA မူဝါဒဖြစ်တဲ့ စစ်သုံ့ပန်းတွေ ဦးစားပေးကုသပေးတဲ့ မူဝါဒအရ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာနေသူတွေကို ဆေးကုပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ချအလင်းဝင်သူတွေဆီက လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်း ရရှိခဲ့တယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

Related News

Most Read