၆ ဧပြီ ၂၀၂၆ | New Day Myanmar
စစ်တပ်ခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူကို ခန့်အပ်လိုက်တယ်လို့ ဧပြီ ၆ ရက်နေ့မှာ ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ကြေညာခဲ့ပါတယ်။
ဦးအောင်နိုင်သူကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ မင်းအောင်လှိုင်က အမည်စာရင်း ပေးပို့ခဲ့တာဖြစ်ပြီး လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဦးအောင်နိုင်သူဟာ အငြိမ်းစားရဲဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်-၂ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ဦးအောင်နိုင်သူဟာ ကိုကိုးကျွန်း မဲဆန္ဒနယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဖြစ်ပါတယ်။


