၁၅ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းဂုံးတံတားအောက်မှာ လေဖြတ်ဝေဒနာခံစားနေရတဲ့ အမျိုးသားတစ်ဦး စွန့်ပစ်ခံထားရတာကို တွေ့ရှိခဲ့ရပြီး ကူညီကယ်ဆယ်ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းထံက သိရပါတယ်။
အဆိုပါအမျိုးသားကို ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စကားမပြောနိုင်တဲ့အတွက် နေရပ်လိပ်စာနဲ့ ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ လူနာဟာ ဘယ်ဘက်ခြမ်း လေဖြတ်ထားသူဖြစ်ပြီး အစာမဝင်တာ ကြာမြင့်ထားတဲ့အတွက် ကိုယ်အားနည်းနေတယ်လို့ ဆိုပါတယ်။
သတိကောင်းမွန်နေသေးပေမယ့် ဆေးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ကျန်းမာရေးအခြေအနေမှာ ရှိနေတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီနောက် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လူနာကို သင့်လျော်တဲ့ ဆေးရုံသို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။


