Homeပြည်တွင်းသတင်းမောင်မောင်လွင် ၆ လ ပွဲပယ်ပြစ်ဒဏ်ကနေ လျှော့ပေါ့ခွင့်ရရှိ

မောင်မောင်လွင် ၆ လ ပွဲပယ်ပြစ်ဒဏ်ကနေ လျှော့ပေါ့ခွင့်ရရှိ

၁၉ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဝါရင့်ကစားသမား မောင်မောင်လွင်အပေါ် ချမှတ်ထားတဲ့ ၆ လ ပွဲပယ်ပြစ်ဒဏ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အယူခံကော်မတီက ပြန်လည်စိစစ်ပြီး လျှော့ပေါ့ပေးလိုက်ပြီလို့ သိရပါတယ်။

အရင်တုန်းကတော့ မြန်မာနေရှင်နယ်လိဂ် (MNL) ကွင်းတွင်း၊ ကွင်းပြင် ဘောလုံးလှုပ်ရှားမှုတွေကိုပါ ကစားခွင့်ပိတ်ထားခဲ့ပေမယ့် အခု အယူခံတင်ပြီးနောက်မှာတော့ မောင်မောင်လွင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲတွေမှာ ဆက်လက်ကစားခွင့် ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မောင်မောင်လွင်ဟာ U-19 လက်ရွေးစင်အသင်းကတည်းက အခုအချိန်ထိ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၆ ပွဲအထိ အားသွန်ခွန်စိုက် ကစားပေးခဲ့တာ၊ လက်ရှိမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ကျေပွန်နေတာအပြင် ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့အမှားအတွက် တောင်းပန်ခဲ့တာကြောင့် အခုလို သက်ညှာပေးလိုက်တာလို့ သိရပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး လုံးဝရုပ်သိမ်းပေးတော့မှာဖြစ်လို့ မကြာခင်မှာ ကွင်းထဲ ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်တစ်ကြိမ် အလားတူအမှားမျိုး ထပ်မံကျူးလွန်ပါက ဒီထက်ပိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်လို့လည်း သတိပေးထားပါသေးတယ်။

ဒီအကြောင်းကို MFF ဘက်ကနေ ရန်ကုန်ယူနိုက်တက်အသင်းဆီကို မေလ ၁၅ ရက်နေ့ကတည်းက တရားဝင်စာပို့ အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး