Homeပြည်တွင်းသတင်းဗိုလ်ချုပ်ကြီး ထွန်းဝင်း လေတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးခန့်အပ်ခံရ

ဗိုလ်ချုပ်ကြီး ထွန်းဝင်း လေတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးခန့်အပ်ခံရ

၂၁ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ချက်အရ စစ်ဦးစီးအရာရှိချုပ် (လေ) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းဝင်းဟာ DSA ၃၄ ဆင်း အရာရှိတစ်ဦးဖြစ်ပြီး လေတပ်အတွင်း အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်လာသူဖြစ်ပါတယ်။ ယခု ခန့်အပ်မှုဟာ လက်ရှိ စစ်ဘက်အထက်တန်းရာထူးအပြောင်းအလဲတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။

ယခု လေတပ်ဦးစီးချုပ်အသစ် ခန့်အပ်မှုဟာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး လက်ထက် စစ်ဘက်ထိပ်တန်းရာထူးအပြောင်းအလဲတစ်ခုဖြစ်ပြီး စစ်ရေးဆိုင်ရာ ဖွဲ့စည်းပုံအတွင်း ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း မြင်တွေ့ရပါတယ်။

ယခင် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကိုတော့ စစ်ကော်မရှင်ရဲ့ အသွင်ပြောင်းအစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး