Homeပြည်တွင်းသတင်းဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄)စုပေါင်းပြီး စစ်ကောင်စီအား ILO ရဲ့ ပုဒ်မ (၃၃) အရ အရေးယူပေးရေး ဆန္ဒထုတ်ဖော်

ဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄)စုပေါင်းပြီး စစ်ကောင်စီအား ILO ရဲ့ ပုဒ်မ (၃၃) အရ အရေးယူပေးရေး ဆန္ဒထုတ်ဖော်

၁၅ မတ်၊၂၀၂၅

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း (ILO) ရဲ့ ဖွဲ့စည်းပုံ အခြေခံဉပဒေ ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု တွေက ယနေ့ မနက် ဖားကန့်မြို့မှာ #ILO_implement_ Article_33_On_Myanmar_Now_2025 ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လေးစားလိုက်နာ အကောင်အထည်ဖော်မှု လုံးဝ(လုံးဝ) မရှိတဲ့ အတွက် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာကို မတ်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ILO Governing Body -ILO အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးလျှက်ရှိနေပါတယ်။

ဒီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူနိုင်ရေး ကချင်ပြည်နယ်ဖားကန့်လူထုကအလိုရှိကြောင်းနဲ့ ဒါကြောင့် ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပြည်သူ့အသံကို သိရှိစေဖို့အတွက် အခုလိုဆန္ဒပြရခြင်းဖြစ်တယ်လို့ သပိတ် ဉီးဆောင်သူတွေကတော့ ပြောဆိုထားပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်(ဖားကန့်မြို့နယ်)ရဲ့ အဖွဲ့ဝင်များ၊ နွေဦးသစ္စာအဖွဲ့၊ နွေဦးရောင်နီ(တာမခံအဖွဲ့)နှင့် ဖားကန့်မှော်လှည့်သပိတ်အင်အားစု စသည့် ဖားကန့်မြို့နယ်မှ အရပ်ဖက်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo – စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်

Related News

Most Read