Homeပြည်တွင်းသတင်းပြည်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်ပွား

ပြည်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်ပွား

၂၃ ဖေဖော်ဝါရီ၊ ၂၀၂၅

ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်အတွင်း ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၈နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

ဒီပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသားတချို့ ဒဏ်ရာရထားတယ်လို့လည်း သိရပြီး နိုင်ငံရေးအကျဉ်းသား သုံးဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ထောင်တွင်းမှာ ဆန္ဒပြမှု ရှိခဲ့တယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရှိရပြီး ပြည်မြို့အကျဉ်းထောင်တွင်းကို စစ်မှုထမ်းဖို့ ခေါ်ထုတ်မှုတွေ ရှိတယ်လို့လည်း သတင်းရရှိပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းဘက်ကလည်း အတည်ပြုပြောဆိုထားပါတယ်။

ပုံစာ – ပစ်ခတ်မှုဖြစ်ပွားသော ပြည်အကျဉ်းထောင်ကို Google Mapမှာ မြင်ရစဉ်

Related News

Most Read