Homeပြည်တွင်းသတင်းပုဇွန်တောင်ချောင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၄ ဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

ပုဇွန်တောင်ချောင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၄ ဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

၂၇ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်က Pro 1 အရောင်းစင်တာ နောက်ဘက်ရှိ ပုဇွန်တောင်ချောင်းမှာ လူငယ် ၄ ဦး ရေဆင်းကူးရာက ၂ ဦး ရေနစ်ခဲ့တဲ့ဖြစ်စဉ် ဇွန် ၂၆ ရက် နေ့လယ် ၂ နာရီ ၄၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ရေနစ်ခဲ့တဲ့ လူငယ် ၂ ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကို Pro 1 ဝန်ထမ်းတွေက ဆယ်ယူနိုင်ခဲ့ပါတယ်။

ကျန်တစ်ဦးကတော့ အသက် ၁၅ နှစ်ခန့်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သပြေကုန်းလူမှုကူညီရေးအသင်းရဲ့ နိဗ္ဗာန်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read