Homeပြည်တွင်းသတင်းနွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး သေဆုံးသူဦးရေ ၇၃၂၂ ဦးအထိရှိလာ

နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး သေဆုံးသူဦးရေ ၇၃၂၂ ဦးအထိရှိလာ

၁၈ ဇူလိုင် ၊ ၂၀၂၄

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ အမျိုးသမီးဦးရေ ၇၃၂၂ ဦးအထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူအရေအတွက် ၁၉.၈ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အဲဒီစာရင်းတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ရှိတဲ့ကာလအတွင်းက စာရင်းတွေ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး သေဆုံးမှုအများဆုံးဖြစ်တဲ့ဒေသတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးမှုအများဆုံးဖြစ်တဲ့လတွေက ဇန်နဝါရီလ၊ မတ်လနဲ့ မေလဖြစ်ပြီး၊ ဇွန်လတို့ ဖြစ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ အမျိုးသမီး ၁၀၆ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ ၃၁၄ ဦးအထိ တိုးလာခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ၅၉၉ ဦးရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လ ၃၀ အထိ ၆၃၀၃ ဦးရှိနေတယ်လို့ တွေ့ရပါတယ်။

Related News

Most Read