၂၅ မေ ၂၀၂၆ | New Day Myanmar
လာမယ့်ရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ညနေပိုင်းအထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာဒေသတွေမှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မိုးဦးကာလဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မိုးကြိုး၊ လေပြင်းနဲ့ ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်တွေကို အထူးသတိထားကြဖို့ မိုးလေဝသပညာရှင်တွေက တိုက်တွန်းထားပါတယ်။


