Homeပြည်တွင်းသတင်းCRTH ထုတ်ပြန်ချက်အပေါ် တနင်္သာရီဒေသတွင်းအင်အားစုတွေက လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်

CRTH ထုတ်ပြန်ချက်အပေါ် တနင်္သာရီဒေသတွင်းအင်အားစုတွေက လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်

၁၆ ဩဂုတ်၊ ၂၀၂၄

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီ CRTH ရဲ့ ကြားကာလအစီအမံနဲ့ပတ်သတ်တဲ့ ဥပဒေ ထုတ်ပြန် မှုအပေါ်မှာ တနင်္သာရီဒေသတွင်း အင်အားစုတွေက လက်မခံနိုင်ကြောင်း သဘောထားကြေညာချက်ကို ဩဂုတ် လ ၁၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ နိုဝင်ဘာ ၁၇ က CRTH ထုတ်ပြန်တဲ့ တနင်္သာရီဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ ဥပဒေဟာ ဖက်ဒရယ်ပဋိဉာဉ်၊ အစိတ်အပိုင်း ၁ မှာ ပါတဲ့အချက်နဲ့ မညီတဲ့ အတွက်ကြောင့် ဒေသတွင်း အင်အားစုတွေက ၂၀၂၃ နိုဝင်ဘာ ၁၈ မှာ ကန့်ကွက်ခဲ့ပါတယ်။

တနင်္သာရီဖက်ဒရယ် ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေဟာ ဖျက်သိမ်းပြီး ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ အရ ခွင့်ပြုထားတဲ့ ဥပဒေပြုခွင့်ဆိုင်ရာ အာဏာကိုသုံးပြီး ရေးဆွဲထားတာ ဖြစ်တဲ့ အတွက် တနင်္သာရီဒေသတွင်း အင်အားစုတွေအနေနဲ့ ဒီဥပဒေကို လုံးဝအသိအမှတ်မပြုနိုင်ကြောင်း ဒီကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

CRTH ရဲ့ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေဟာ ဒေသတွင်းက ပြည်သူ တစ်ဦး ချင်းနဲ့ သက်ဆိုင်မှု ရှိနေတာကြောင့် သက်ဆိုင်ရာ ပြည်သူ၊ အစုအဖွဲ့အားလုံးနဲ့ ပွင့်လင်းမြင်သာအောင် အားလုံး ပါဝင်ဆွေးနွေး အဖြေရှာသင့်တယ်လို့ တနင်္သာရီဒေသတွင်း အင်အားစုတွေက ဆိုပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ကို တနင်္သာရီဒေသတွင်းက သပိတ်အဖွဲ့၊ နိုင်ငံရေးအဖွဲ့၊ လူထုလှုပ်ရှားမှုအဖွဲ့တွေအပြင် ကျောင်းသားသမဂ္ဂ၊ အမျိုးသမီးသမဂ္ဂ၊ဆရာသမဂ္ဂ စုစုပေါင်း ၁၆ ဖွဲ့က စုစည်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

Related News

Most Read