၂၁ မေလ ၂၀၂၆
၆၈နှစ်မြောက် သျှမ်းပြည်တော်လှန်ရေး နေ့ သဝဏ်လွှာမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က လက်ရှိတော် လှန်ရေးအစုအဖွဲ့အချို့၏ အားနည်းချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က တော်လှန်ရေးသက်တမ်းရှည်ကြာနေရခြင်းဟာမျိုးချစ် စိတ်နဲ့စစ်တပ်မုန်းတီးရေး စိတ်ဓာတ်တစ်ခုတည်းကိုသာ အခြေခံပြီး တော်လှန်ရေး နည်းလမ်းနဲ့မဟာဗျူဟာဖော်ဆောင်နိုင်မှု အားနည်းခြင်း၊ငွေနှင့် အာဏာရှိလာတဲ့အခါ တောထဲမှာ သခင်လို မင်းမူလာကြပြီး အမျိုးသားရေးထက်ကိုယ့်အဖွဲ့အရေးကိုသာ ဦးစားပေးလာခြင်းတို့ကြောင့်လို့ဆိုပါတယ်။
ဒါအပြင် နယ်မြေနဲ့ စီးပွားရေးအတွက် အချင်းချင်း ရန်ဖြစ်တိုက်ခိုက်ကြခြင်း၊ တွေ့ဆုံဆွေးနွေးမှု မရှိခြင်း၊ ရေရှည်ရည် မှန်းချက်မရှိဘဲ စစ်တပ်ရဲ့နိုင်ငံရေး၊ စည်း ရုံးရေးမက်လုံးတွေကြားမှာ လက်နက်ချခြင်း သို့မဟုတ် ပြည်သူ့စစ်ဘဝသို့ ကူးပြောင်းသွားခြင်းတွေ ပါဝင်တယ်လို့ထောက်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေအနေနဲ့စနစ်တကျ ပြင်ဆင်ဖို့ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ”တော်လှန်ရေးဆိုတာ တိုင်းပြည်ကို အ သက်သွေး၊ ချွေးတွေနဲ့ လဲယူရတာဖြစ်လို့ အနာဂတ် နှစ်ပေါင်းထောင်ချီအတွက် မျှော်ကိုးရမှာပါ။ အချင်းချင်း အပြစ်မတင်ဘဲ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာတွေကို လေ့လာသင်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။”လို့ မှတ်ချက်ပြုပြောပါတယ်။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ
အနေနဲ့ ပြည်သူလူထုအပေါ် ကျွန်ကဲ့သို့ ပြုမူဆက်ဆံပါက တော်လှန်ရေးသည် ပိုမို အဓွန့်ရှည် ကြာမြင့်သွားလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။


