Homeပြည်တွင်းသတင်းကေအဲန်ယူဌာနချုပ်နယ်မြေအနီး ကာမီကာဇီဒရုန်း ၂လုံး တိုက်ခိုက်ခံရ၊ အရပ်သားတစ်ဦးဒဏ်ရာရ

ကေအဲန်ယူဌာနချုပ်နယ်မြေအနီး ကာမီကာဇီဒရုန်း ၂လုံး တိုက်ခိုက်ခံရ၊ အရပ်သားတစ်ဦးဒဏ်ရာရ

၃၁ ဇန်နဝါရီ၊ ၂၀၂၅

KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ နယ်မြေက ကလို့ယော်လေးကွင်းပြင်အနီးမှာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ကာမီကာဇီ အသေခံဒရုန်း ၂လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကာမီကာဇီ ဒရုန်း ကျရောက်မှုကြောင့် အဆောက်အအုံတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့မှာ နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပခဲ့ဖူးတဲ့နေရာကို လေကြောင်းက တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ကလည်း တပ်မဟာ-၇ နယ်မြေက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်ရှိရာ နေရာကိုလည်း ကာမီကာဇီဒရုန်း ဗုံး ၄ လုံးနဲ့ တိုက်ခိုက်ခံခ့ရဖူးပါတယ်။

ဓာတ်ပုံ – KNLA

Related News

Most Read