Homeပြည်တွင်းသတင်းကိုရင်ငယ်ကို အကြမ်းဖက်ရိုက်နှက်တဲ့ ဦးဇင်းတေဇကို ဖမ်းဆီးရမိ၊ သံဃာ့နာယကအဖွဲ့ စစ်ဆေးမှုများ စတင်

ကိုရင်ငယ်ကို အကြမ်းဖက်ရိုက်နှက်တဲ့ ဦးဇင်းတေဇကို ဖမ်းဆီးရမိ၊ သံဃာ့နာယကအဖွဲ့ စစ်ဆေးမှုများ စတင်

၂၂ ဧပြီ ၂၀၂၆ ၊ New Day Myanmar

လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ ကိုရင်ငယ်တစ်ပါးကို ရက်ရက်စက်စက် ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဇင်းတေဇဆိုသူကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ သိရပါတယ်။

မြိတ်မြို့၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းက အဆိုပါဦးဇင်းကို သက်ဆိုင်ရာ မြို့နယ် သံဃာ့နာယကအဖွဲ့က ခေါ်ယူစစ်ဆေးလျက်ရှိပြီး ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းမှာ အရေးယူမှုတွေကို အပြီးသတ် လုပ်ဆောင်သွားမယ်လို့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားထားပါတယ်။

အဆိုပါ ရုပ်သံဖိုင်ဟာ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တာကြောင့် ထပ်မံဖြန့်ဝေခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားပြီး၊ ယခုဖြစ်စဉ်က ကျောင်းတိုက်အချို့မှာ ကျန်ရှိနေသေးတဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်ဆုံးမခြင်းဓလေ့ကို ပြန်လည်စိစစ်ပြီး အမြစ်ပြတ် တိုက်ဖျက်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ်လာနေပါတယ်။

ဒီဖြစ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများကလည်း ပြင်းထန်စွာ ရှုတ်ချနေကြပြီး၊ ဖြစ်စဉ်အတွင်း ဗွီဒီယိုရိုက်ကူးနေသူကိုပါ ဝင်ရောက်တားဆီးခြင်း မပြုဘဲ ရိုက်ကူးနေခဲ့တာကြောင့် အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး