Homeပြည်တွင်းသတင်းကရင်နီနယ်စပ် တိုက်ပွဲဒဏ်ရာရသူတွေ အတွက် ထိုင်း၊ နခွန်ပင်ဆေးရုံမှ အရေးပေါ်ဆရာဝန်အဖွဲ့ ထွက်ခွာ

ကရင်နီနယ်စပ် တိုက်ပွဲဒဏ်ရာရသူတွေ အတွက် ထိုင်း၊ နခွန်ပင်ဆေးရုံမှ အရေးပေါ်ဆရာဝန်အဖွဲ့ ထွက်ခွာ

၂၆ ဇွန်၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်ဘက်ခြမ်းမှာဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးကုသပေးဖို့ အတွက်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နခွန်ပင်ဆေးရုံက အရေးပေါ်ဆေးဘက်အဖွဲ့ ဟာ ဒီနေ့ ဇွန်လ ၂၆ ရက်မှာ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်မြို့နယ်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်က ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူအများအပြားရှိခဲ့တာဖြစ်ပါတယ်။

ဒေသခံဆေးရုံတွေမှာ ဆေးကုသမှုပေးဖို့ အင်အားမလုံလောက်တော့တာကြောင့် ထိုင်းဘက်ကအရေးပေါ် ကူညီရေးအဖွဲ့ ထွက်ခွာရတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နခွန်ပင်ဆေးရုံက Mini MERT (Mobile Emergency Response Team) အဖွဲ့ဟာ ထိုင်းလေတပ် (Wing 41) ရဲ့ ပံ့ပိုးမှုနဲ့ အရေးပေါ်ဆေးဘက်ပစ္စည်းတွေ တင်ဆောင်ပြီး မယ်ဟောင်ဆောင်ကို ထွက်ခွာသွားတာဖြစ်ပါတယ်။

ဓါတ်ပုံ – Chiang Mai Live

ဆက်စပ် သတင်းများ

Most Read