၂၁ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံး ကနေ ဗီဇာလျှောက်ထားသူတွေ အတွက် အချက်အလက်စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ညွှန်ကြားချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
ဗီဇာလျှောက်ထားသူတွေ အားလုံး မိမိတို့ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ ရဲ့ Privacy Setting ကို Public (အများပြည်သူ မြင်နိုင်တဲ့စနစ်) ကို ပြောင်းထားရမှာ ဖြစ်ပြီး၊ အမေရိကန်ဥပဒေအရ မည်သူမည်ဝါဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့နဲ့ ဗီဇာထုတ်ပေးဖို့ အရည်အချင်း ပြည့်မီမှု ရှိ/မရှိ စစ်ဆေးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီညွှန်ကြားချက်ဟာ အလုပ်ဗီဇာ (H-1B, H-4, H-3)၊ ကျောင်းသားဗီဇာ (F, M) နဲ့ အပြန်အလှန်လဲလှယ်ရေး၊ စေ့စပ်ကြောင်းလမ်းမှုဗီဇာ (J, K-1, K-2) အပါအဝင် ဗီဇာအမျိုးအစား အများအပြားမှာ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
လျှောက်ထားသူတွေ အနေနဲ့ ဒီလို မလိုက်နာပါက ဗီဇာလျှောက်ထားမှု စစ်ဆေးဆုံးဖြတ်ရာမှာ ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပြီး Facebook၊ Instagram စတဲ့ အကောင့်တွေကို ယာယီ Public ပြောင်းထားဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။


