Homeပြည်တွင်းသတင်းရန်ကုန်လေဆိပ်မှာ MNA ATR-72 ဘရိတ်ချို့ယွင်းပြီး MAI Airbus A319 ကို ဝင်တိုက်မှုဖြစ်

ရန်ကုန်လေဆိပ်မှာ MNA ATR-72 ဘရိတ်ချို့ယွင်းပြီး MAI Airbus A319 ကို ဝင်တိုက်မှုဖြစ်

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီနေ့ မနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72 လေယာဉ်တစ်စင်း ပြေးလမ်းပေါ်ထွက်ခွာနေချိန် ဘရိတ်စနစ်ချို့ယွင်းမှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေကဆိုပါတယ်။

အဲဒီဘရိတ်ချို့ယွင်းမှုကြောင့် လေယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အနီးမှာ ရပ်နားထားတဲ့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ရဲ့ Airbus A319 လေယာဉ် အမြီးပိုင်းကို ဝင်တိုက်မိခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး ချာလည်ထွက်သွားကာ လေဆိပ်အတွင်း ခရီးသည်ပစ္စည်း တင်ဆောင်ရာမှာ အသုံးပြုတဲ့ ကုန်တင်လှည်းတစ်စီးကို ထပ်မံတိုက်မိပြီးမှသာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဖြစ်စဉ်အတွင်း လေယာဉ်နှစ်စင်းနဲ့ မြေပြင်အသုံးအဆောင်ပစ္စည်းတွေမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ကြီးမားတဲ့ ပျက်စီးမှုတွေ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေထဲမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက်စစ်ဆေးနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး