Homeပြည်တွင်းသတင်းအလုပ်သမားအခွင့်အရေးလှုပ် ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင်တွေကို ရုံးထုတ်စစ်ဆေးမယ်လို့ကနဦးသိရ

အလုပ်သမားအခွင့်အရေးလှုပ် ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင်တွေကို ရုံးထုတ်စစ်ဆေးမယ်လို့ကနဦးသိရ

ဩဂုတ် ၂၀၂၅

ဖမ်းဆီးခံအလုပ်သမားအခွင့်အရေးလှုပ် ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင် (၁၀)ဦးကို ဒီနေ့ဩဂုတ် ၇ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာပြုလုပ်သွားဖို့ရှိတယ်လို့ ‌ဒေါ်မျိုးမျိုးအေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က ဒေါ်မျိူမျိုးအေးအပြင်အဖွဲ့ဝင်(၁၀)ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး၊ ဒီနေ့ ရွှေပြည်သာ တရားရုံးမှာ ၈ ဦးနဲ့ ကျန်၂ ဦးကို အင်းစိန်မြို့နယ်တရားရုံးမှာ ရုံးထုတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

“ပုဒ်မက ၁၅၁ လို့ကြားပါတယ်။ လူစု‌လူဝေးပုဒ်မပါ။ ဒီပုဒ်မအတိုင်းဆို ခြေချုပ်

ဒါမှမဟုတ်ဒဏ်ငွေလောက်နဲ့ လွတ်လာနိုင်တယ်”လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်ညပိုင်းမှာ စစ်ကော်မရှင်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်းအကြောင်းပြ လာရောက်ဖမ်းဆီးသွားပြီးနောက် ဇူလိုင်၂၈ ရက် ညပိုင်းမှာ နောက်ထပ်အဖွဲ့ဝင် တွေကို သက်ဆိုင်ရာမြို့နယ်အလိုက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မခြူးသွယ်(ဒေါ်မျိုးမျိုးအေး သမီး)၊ ကိုသီဟ၊ ကိုဇော်ထိုက်၊ မဟေမာန်ဦး၊ မဆုမြတ်နွယ်၊ကိုဇော်ဆန်းနိုင်နဲ့ မမြင့်မြင့်ခိုင် တို့ဖြစ်ပြီး ကျန်၂ဦးရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။

ဒေါ်မျိုးမျိုးအေးအပါအဝင် အဖွဲ့ဝင်တွေကို စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးပြီးနောက် (၁၄)ရက်အကြာတရားရုံးမှာအမှုထပ်မံရင်ဆိုင်ဖို့ ဖြစ်လာတာပါ။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး