Homeပြည်တွင်းသတင်းရွှေပြည်သာမြို့နယ် မှာ အောက်ဆိုဒ်ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

ရွှေပြည်သာမြို့နယ် မှာ အောက်ဆိုဒ်ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

၁၁ ဇန်နဝါရီ ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် စက်မှူဇုံရှေ့မှာ အောက်ဆိုဒ်ကား တိမ်းမှောက်မူ ဖြစ်ပွားခဲ့ပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ဆီယိုစိမ့်မှုဖြစ်နေလို့ လူမူကူညီရေးအသင်းနဲ့ ပြည်သူအချို့က ကူညီခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ရွှေမေတ္တာလူနာတင်ယာဉ် အမှတ် ၁ ၊ အမှတ် ၃ ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး